Monday, 14 July 2025

 ကုတင်နံပါတ် (၈)


သတ္တဝါရို့မျိုးရိုးဗီဇအရ

မိရိုးဖလာကို ခင်တွယ်ရေ

ကိုယ့်အသွီးအသားကို မြတ်နိုးရေ

ကိုယ့်ကိုကိုယ် ချစ်တေ … ။


မအိုဆီးအဆိုအမိန့်အရ

အိမ်အိုကေ ထောက်ခံ

လူအိုကေ သောက်ခံ ဆိုယင့်

ဒေသီအိုရီကို ချိုးဖောက်ပနာ

ကုတင်နံပါတ် (၈) သို့ ရောက်လားရေ ... ။


ချင်ခြင်းတရားတိကို

ကဗျာဖွဲ့လို့ ကုန်ဖို့မဟုတ်

ချစ်ခြင်းတရားတိစွာ

လူမသိသူမသိ ကြင်ရုံရာ ... ။


အပြင်မှာ -

အသိုင်းနန့် အဝိုင်းနန့် ရွာရေမိုး

ရင်မှာ -

လုံးချင်းတည်း တိတ်တခိုး ရွာရေမိုး

ဇာဝေဒနာမိုးက ပိုပြင်းဖို့လေးယေ … ။ ။