လွမ်းရေ
မိုးရိပ်အုံးနီရေ မျက်လုံးနှစ်လုံး ပွင့်လို့
ကန့်လန့်ကာကို လက်နန့် အသာချေဆွဲဖွင့်
ပြတင်းပေါက်က ပျောကြည့်လိုက်ကေ
အယင်က ပုံရိပ်စစ်ပုံရိပ်မှန်တိ
အိပ်မက်ထဲမှာ အိပ်မွန်းကျလားခယာ
အတိတ် နန့် ပစ္စုပ္ပန်လမ်းနှစ်သွယ်က
ပြဒါးတလမ်း သံတလမ်း
ထိုး ... ရှိက နှင်းတဝီဝီနန့် လမ်းကြားထဲမှာ
ဇာကိုဖမ်းလို့ ဇာကိုလွမ်းရဖို့ မသိစွာလေ့
အလွမ်းတမျိုးရာ မလားယေ ... ။
ငန်ခါငန် ခါးခါခါးရေ
ပင်လယ်သမုဒ္ဒရာတိကို လှည့်စားတတ်တေ
ရာသီဥတုမျက်လှည့်ပြကွက်တိ
လျှပ်ပြက်စွာထက် လျင်ရေခါ
အာကာကို မော်မကြည့်ချင်ယာ
စိတ်နာနာနန့် လွမ်းလို့ အရသာခံမေ ... ။
အလွမ်းကမ္ဘာထဲမှာ
အလွမ်းရွာလည်ရစွာလေ့
အလွမ်းသံသရာကို ရှည်စီရေ
လွမ်းယင်းနန့် လွမ်းနီလိုက်မေ ... ။ ။