Friday, 29 October 2021

 ပုန္ဒြာ


ပုန္ဒြာ ... ပုန္ဒြာ ...

ကိုယ့်ရွာအနောက်ဖက်

ထိုး ... ရွာနှစ်ရွာစပ်ကြားမှာ

အယင့်အယင်ကပင်

အပြောင်းအပြန် အသင့်အဆန် စီးဆင်း

မြစ်တစင်းအဖြစ် ရှင်သန်ဖူးလီယင့် ... ။


ယင်းမြစ်နဒီကို အစွဲပြုလို့်

'ပုန္ဒြာ ... ပုန္ဒြာ' ရွတ်ယင်း ခေါ်ယင်း

ရွာတပ်မွီးရပ်မြီက

မိုးကျနတ်မိမယ်တပါး

ကန္တာရနွီခေါင်ခေါင်သဲသောင်ပြင်မှာ

ပုန္ဒြာနာမည်နန့်

စမ်းတပွင့်အဖြစ် ရွာသွန်းရေ

ပန်းတပွင့်အဖြစ် အားယူ ဖူး မုံ ရေ

သမုဒယကမ္ဘာချေတခု ပွင့်အာပါလတ်တေ ... ။ ။