နှလုံးသားထဲက အလှ
ချစ်မိခင်ပါးက
မွီးဖွားပီးလိုက်တေအချိန်က
ကမ္ဘာလောကကြီးကတော့ခါ
ပါးချိုင့်ချေတိနန့်
ပြုံးပြနှုတ်ဆက်တေ … ။
မျက်လုံးတိကို
ဖွင့်ကြည့်လိုက်တေခါ
သံစဉ်အပိုင်းစမျှင်တခု
‘နှလုံးသားထဲက
အလှ’ ဆိုရေ တံဆိပ်သစ် ဖန်တီးပနာ
နဂါးငွိတန်းနန့်တူတူ
ကခုန်လို့ လာလတ်စွာကို
ငေးမောကြည့်နီရရေပိုင်
ခံစားမိရေ … ။
ကြည့်ဖိယေ!
ဒေဂုလေ အလှအပတခုထဲမှာ
…
အပူချိန်
၄၀ ဒီဂရီ ဆဲ(လ)ဆီးယပ်(စ) ကျော်ကို အန်တု
ကြိုးစားယင်း
ရုန်းကန်လှုပ်ယှားယင်း
နှလုံးသားတစုံကို
ရှာဖွီနီသိရေ … ။
ယေကေလေ့
နှလုံးသားတခုကိုလေ့
မမြင်မတွိရ
နှလုံးခုန်သံကိုတောင်
မကြားမိပါကား … ။
နောက်ဆုံးအနီနန့်
စမ်းချောင်းဖက်သို့
လှည့်ကြည့်လိုက်တေ
ယင်းမှာ
…
အပြုံးတုနန့်
လက်ယပ်တပြပြ
ပလတ်စတိ(ခ)အသဲနှလုံးတခု
ပေါ်နီယင့်ထော … ။
အလှတရား လွှမ်းချုံထားရေ
ကမ္ဘာမြီထက်မှာ
လူတိ ဇာပိုင်ပြုံးပြကတ်လေ
မင်းကို …
‘နှလုံးသားထဲက
အလှ’ လို့
လူတိ ဇာပိုင်ခေါ်ဝေါ်သမုတ်ကတ်လေဆိုစွာကို
ဂုမှ သဘောပေါက်မိလိုက်တေ
… ။ ။
ခိုင်ထွီး