ရခိုင့်အာဂ အသျှင်ဥတ္တမ
လမြတ်ပြာသို၊ ဆောင်းရိပ်ခိုမြန်း
သားကိုမက်မြင်၊ ကြယ်ကြီးရွှင်လန်း ..
မိရင်မှာစမ်း၊ ဖခင်ဝမ်းသာ
နီဝန်းဖြာလှ၊ အာရက္ခမှာ ..
ဟန်စွချိန်ခါ၊ ပီတိဖြာကေ
သာယာအီးလေ သာစွလေ ... ။
အတတ်ရှာသို၊ ပညာချိုမြိန်
ကိုလိုနီအောက်၊ ဖပြားမှောက်ချိန် ..
မကြောက်တရား၊ ဇွဲမာန်အားချီ
ဟောကြားမထီ၊ ဖမ်းခလီလီ ..
သျှင်နီဝန်းမှာ၊ အလင်းဖြာကေ
သာယာအီးလေ သာစွလေ ... ။
ထရပ်ပျာဆို၊ မျက်ဝန်းစိုဖွင့်
နားကိုစွင့်စမ်၊ ဇာနီသံနှင့် ..
တော်လှန်လမ်းပြ၊ ပန္နက်ချရေ
ရက္ခအာဂ၊ ဥတ္တမလေ ..
အာသျှကမ္ဘာ၊ ပြောင်ညီးသာကေ
ဗျာပါဝီးလေ သာစွလေ
သာယာအီးလေ သာစွလေ ... ။ ။
ခိုင်ထွီး