Friday, 30 January 2015

ဆွဲငင်အားနိယာမ

မြီအောက်မှာ ရီ
ရီအောက်မှာ လီ
လီအောက်မှာ အာကာ
"မင်း"အောက်မှာ ငါ

 ဟား ... ဟား ...

ငါ့အောက်မှာ "မင်း"
မစင်းပါစီကေ့လို့
ဗီဒင်ယတြာတိနန့် လှန်
မပြန်နှိုင်ရေ တနိမှာ
ရက်ရာဇာနန့် ပြဿဒါးမှား
သင်္ခါရတရားကို
နားလည်လားလိမေ ... ။

ယင်းခါ ...
မြစ် ချောင်း ပင်လယ်ရို့ 
အကောင်းဆုံး စည်းချက်ဖန်တီး
အတိတ်အကြောင်းကို
သျှစ်သောင်းက နတ်ရုပ်တိ
မြူးမြူးကြွကြွ သာခြင်းဆိုပြ
တောတိတောင်တိလေ့
သျှိန်ဒိုင်ထကကတ်ဖို့ယေ ... ။

ခိုင်ထွီး

Friday, 23 January 2015

ငါ့သမိုင်း

ငါစွာ …
မနုဿတယောက်ရာ
ဝေနေယျနှလုံးခုန်နှုန်း
ဗုန်းခနဲဖောက်လား
ဗြုန်းခနဲနိဗ္ဗာန်ဘုံမှောက်လားကေတောင်
ငရဲပြည်ချောက်တွင်းနားကို
အာရုံအာသီသကင်းကင်း
ဆင်းလားဝံ့ရေ … ။

၃၁ ဘုံ ဆိုစွာ …
သတ္တဝါအားလုံးအတွက်
အနာဂတ်လမ်းဖြစ်တေပိုင်
သမိုင်း ဆိုစွာလေ့ …
ယင်းအတိုင်းရာ ဆိုရမေ … ။

ယင်းတွက်နန့် …
ငါ့ခြီလှမ်းအောက်ကခြီဖဝါးရာတိ
ကောက်ကွိလိမ်တွန့်ပနာ
ကြမ်းချင်ကြမ်းဖို့
ဖြောင့်ဖြူးညီညွတ်ပနာ
လန်းချင်လန်းဖို့
နိုင်ရေအဆီတော့ လှမ်းထားခမေ … ။

ခိုင်ထွီး

Sunday, 18 January 2015

အဘာတမ်းခြင်း

အဘာဝါ
အဘာ  ဇာသို့လားလီလေး။

အဘာပြောခါ
တောထဲမာ  ပေါက်ဖက်ရှာဖို့လားစွာလတ်။

နားသန်းနားဝါ 
ဒေဂုခါ  ပေါက်ဖက်မီးလောင်လားယာလတ်။

ပေါက်ဖက်မမြင်  အပူဝင်ကေ
ညီအစ်ကိုပြိုင် 
ဂနိုင်ကြားမာ  အဘာဝါးရှာလားလီယင့်လတ် လားလီယင့်။

ခိုင်ထွီး

Wednesday, 14 January 2015

ကမ်းပြိုအလွမ်း

လှိုင်းလီဘောင်ဘင်
သောင်ကမ်းမမြင် ပင်လယ်ပြင်မှာ
မရွှင်ဖြားရီ လားလာနီခါ
ချိန်မီထမင်း အိမ်ကဟင်းကို
တပျင်းလွမ်းရေ … ။


ခိုင်ထွီး

Thursday, 8 January 2015

ကန္တာရဘဝ

ဆောင်းလဟေမန်  ကန္တာရနှင်း
နင်းခီမှားလို့  ဆို့ပူရ ... ။

နီမမြင်ခင်  အပူဝင်
ဝင်ရေအပူ  ရင်လုံးဆူ ... ။

လူမွဲနတ်မြင်  ပြုန်းစင်ပီးဆောင်
ဒါဒေါင်လေ့ကျ  ဒေဘဝ ... ။

ခိုင်ထွီး