Friday, 31 October 2014

ယမကာတေးသံ

အန်ချင်လို့ပျင်
ရင်ပူလို့သောက်
သောက်ဖော်ကိုမျှော်
ပျော်ကေလေ့သောက်
ရှောက်ကြည့်ခီမှား
ခါး၊ ဖန် မရွီး
ဆီးဖြစ်တေလတ်။

ခိုင်ထွီး

Friday, 3 October 2014

ရင်မွန်းနာ

အရှိမှာလီ  နောက်မှာလီ
အီကွေတာငို  ထရံအိုက
ပျိုမေခံရ  ချမ်းစိမ့်ဝလို့
သဘောက်ဆိုးချုံ  ကိုယ်မလုံခါ
ကြုံရာနိဗ္ဗာန်  နှာခေါင်းမွှန်
မွှန်နီယင်းလေ  ရင်မွန်းရေ
ရင်မွန်းရေလေ  ရင်မွန်းရေ။ ။
  
ခိုင်ထွီး