Tuesday, 16 September 2014

လူထဲက လူ

ထိုမှာ တတိုင်သားက ...
တွိရာသင်္ချိုင်း ဓားမဆိုင်း
အချေခါ ဂျင်ကစပ်တေပိုင်
အလူတကာ အလူပေါင်းများစွာထဲက
ဇာ တလူကို ပြောစွာလေးလတ် ...

ဒေမှာ အရာတတိုင်သားက ...
အငှားသန္ဓေတည် မိခင်ဝမ်းထဲမှာ
ခိုနားအိပ်စက်ချိန် လုယင်း ငင်ယင်း
ထလန်းကားလန်ခါလန်
ဒုန်းဘောက်ဆောက်ခါဆောက်
 ဒေပိုင်ဘဝသျှင်လားဆိုယင့် ...

အင် ...
လူတိက လုပ်နှိုင်၊ ကိုင်နှိုင်ကတ်လို့
 ပြောနှိုင်စွမ်းလေ့ ဟိကတ်တေပ ...

ဇာလူ ဇာပင်ပြောပြော
လူမဖြစ်သိရေ လူဆစ္ဆီတရွီကတော့ခါ
လူဖြစ်လှာဖို့ လူတိဧ့ လုပ်ဆောင်ခြင်း
သူရို့ အောင်လံတလူလူ ဆွဲတင်ပွဲမြင်ကွင်း
အားမာန်အပြည့်နန့်
သူရို့ ပြိုင်တူဆိုရေ တေးသံ
သူရို့ ပြိုင်တူအော်ဟစ်သံတိကို
 ငေးမောယင်း ...
 တွေးတောယင်း ...

အမျှ ... အမျှ ... အမျှ ...

သူတစ
ကိုယ်တစ
ပက္ခဒိန်အဟောင်းထဲက
ရက်ရာဇာပွဲ
ပြဿဒါးပွဲရို့ အခါသမယမှာ
ဆင်နွှဲဖို့ အားယူနီကတ်စွာတိက
ရွတ်နှိုင်၊ ကျွတ်နှိုင်ကတ်ပါစီ ... ။

ခိုင်ထွီး