ကျောက်ဆောင် နှလုံးသား
ပွိုင့်သဲသောင်တန်း
ပင်လယ်ကမ်းစပ်မာ
လီသွတ်သွတ်ချေယှူ
ဖြစ်ပျက်သမျှ ခံယူပနာ
အလွမ်းမျက်ရည်ကို
ရှက်ကွန်ချေ အပြုံးနန့်
အဖော်သဟာယပြု
လူဖြစ်လှာလတ်တေ.....။
ဖန်လှာရေ ဒေဘဝမာ
ကံကြမ္မာ အလှည့်ပတ်ကို
လုံးချင်းတည်း ဒဏ်ခံ
အားပီးမှုတိ မနွီးထွီးလို့
ကြင်နာမှုတိ ခြောက်သွိ
ကံဇာတာက နိမ့်ကျရေခါ
လာသမျှကို လှိမ့်ပနာဒိုင်ခံ
လောကဓံ ကျွန်တယောက်
ဒေသံသရာ ဝဋ်ကြွီးတိက
ဇာခါ ကျွတ်နှိုင်ဖို့လေး.....။
ဘဝကတော့ ခေါင်ကေလေ့
နံပါးမာ ရယ်၊ လှောင်၊ ဟားတိုက်
သရော်ခံရရေ အဖြစ်တိက
ဗြီးလို့ မရွတ်နှိုင်သိရေခါ
လှိုင်းတိ တဗုန်းဗုန်းသတ်
တရွိရွိ မသိမသာတိုက်စား
လီပြင်းတိက မာန်မာနကို
အလံထူပနာ အားနန့်ထ
မွန်းကျပ်ဖို့ အချိန်ကားမရ
အမုန်းစကားတိကို
အပြုံးတရားတိနန့်ကြိုဆိုယင်း
လီသလပ်နီရေ ဒေနှလုံးသား
အလားလား အပါးပါး
ကျောက်ဆောင်တခုအလား
မာတောင့်လားခယာ.....။
ခိုင်ထွီး
ခိုင်ထွီး